အကြောင်းအရာကို ကျော်နင်းပါ

မကြာခဏ မေးလေ့ရှိသော မေးခွန်းများ

Nielsen Panels သို့မဟုတ် စစ်တမ်းတစ်ခုတွင် ပါဝင်ခြင်း သို့မဟုတ် ပူးပေါင်းခြင်းဖြင့် ကျွန်ုပ်တို.သည် သင်၏ သတင်းအချက်အလက်များကို ကြည့်ရှုမှုနှုန်းများတွင် သုံးသကဲ့သို. မည်သို.ကာကွယ်သည်ဆိုတာကို လေ့လာကြည့်ပါ။ 

Nielsen panel (သို့) စစ်တမ်းတစ်ခုမှာ ပါဝင်တဲ့အခါ

Nielsen Panel သို့မဟုတ် စစ်တမ်းတွင် ကျွန်ုပ်သည် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်နိုင်ပါသလား။ 

၎င်းသည် Panel နှင့် စစ်တမ်းများပေါ်တွင် မူတည်သည်။ တချို. ကျွန်ုပ်တို.ရဲ့ တီဗွီနဲ့ ရေဒီယို Panel များက သိပ္ပံနည်းကျ ရွေးချယ်ထားတဲ့အတွက် စေတနာ့ဝန်ထမ်းတွေကို အသုံးမပြုပါ။ သို့သော် သင်ယခုပါဝင်နိုင်သည့် Panles နှင့် စစ်တမ်းများစွာရှိပါသည်။

Panels နဲ့ စစ်တမ်းများအတွက် စေတာနာဖြင့်ပါဝင်ကူညီသူများမဟုတ်လျင် မည်သူတို့ကို ရွေးချယ်မလဲ။

Nielsen panels တွင် လူဦးရေ နှင့် လူ့ အဖွဲ့အစည်း အများအပြား ပါဝင် ရန် လိုအပ် သည် ။ မည်မျှသော လူဉီးရေရှိသည့် မိသားစုဖြစ်နေပါစေ၊ မည်သည့်မြို့တွင်နေနေ၊ မည်သည့်နေရာတွင်နေနေ မည်သူမဆို Nielsen panel အတွက် ရွေးချယ်ခံရနိုင်ပါသည်။ Nielsen တွင် အလုပ်လုပ်နေသောသူ နှင့် အိမ်သူအိမ်သားများ၊ မီဒီယာများတွင် အလုပ်လုပ်နေသူများတို့သည် Panels တွင် ပါဝင်ရန် အကျုံးဝင်မည် မဟုတ်ပါ။

Nielsen ထံမှ မေးလ်ကို လက်ခံရရှိခဲ့လျှင် တရားဝင်ပါသလား။

ဟုတ်ကဲ့ တရားဝင်ပါသည်။ Nielsen သည် အိမ်ထောင်စုများဆီသို့ သင့်မီဒီယာနှင့် စားသုံးသူအလေ့အထများဆိုင်ရာ စစ်တမ်းတိုများကို ဖြေပေးနိုင်ရန် သို့မဟုတ် ကျွန်ုပ်တို့၏ panels များတွင် ပါဝင်ရန် ဖိတ်ကြားချက်များကို စာပို့ပေးပါသည်။ Nielsen မှမေးလ်တွင် online မှ ဖြည့်သွင်းခြင်း၊ ဖောင်ဖြည့်ပြီး စာဖြင့် ပြန်ပို့ခြင်း သို့မဟုတ် ဖုန်းဖြင့်လည်း ပြုလုပ်နိုင်သော စစ်တမ်းပါဝင်ပါသည်။ 

Nielsen ကိုယ်စားပြုတယောက်ယောက် အိမ်ကို ရောက်လာခဲ့ရင်ကော။ 

ကျွန်ုပ်တို့၏ အထူးလေ့ကျင့်သင်ကြားထားသော Nielsen ကိုယ်စားလှယ်များသည် Nielsen panel သို့မဟုတ် စစ်တမ်းတွင် ပါဝင်ခြင်းဖြင့်ရရှိနိုင်မည့် စိတ်လှုပ်ရှားဖွယ်အခွင့်အရေးများအကြောင်း သင့်အား ပြောပြနိုင်ခွင့်ကို လိုလားပါသည်။ ကျွန်ုပ်တို့၏ ကိုယ်စားလှယ်အားလုံးသည် ၎င်းတို့ကို သေချာသိရှိနိုင်ရန် Nielsen ဓာတ်ပုံ ID တံဆိပ်ကို ဆောင်ထားကြရပါသည်။ အကယ်၍ သင်တို့အနေဖြင့် မသေချာမှုတခုခုရှိခဲ့ပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။

ပါဝင်ဖို့အတွက် ငွေပေးရန် လိုအပ်ပါသလား။

Nielsen Panels တွင်ပါဝင်ခြင်း သို့မဟုတ် Nielsen စစ်တမ်းကို ဖြည့်ပေးရခြင်းအတွက် သင့်အနေဖြင့် ဘာမှကုန်ကျစရာ မလိုအပ်ပါ။

Nielsen panel (သို့) စစ်တမ်းမှာ ပါဝင်တဲ့အခါ

Nielsen Panel သို့မဟုတ် စစ်တမ်းတွင်ပါဝင်ခြင်းအတွက် ဘာတွေရနိုင်ပါမည်နည်း။

ပါဝင်ကူညီခြင်းအတွက် ရရှိနိုင်မည့်အခွင့်အရေးသည် Panels နှင့် စစ်တမ်းများပေါ်မူတည်၍ ကွဲပြားပြီး ကျွန်ုပ်တို့၏ Panels နှင့် စစ်တမ်းများစွာတွင်ပါဝင်ပေးမှုအတွက် လက်ဆောင်များကို ပေးပါသည်။

Nielsen Panel နှင့် စစ်တမ်းတွင်ပါဝင်ခြင်းအကြောင်းကို အခြားသူများအား အသိပေးလို့ရပါသလား။

မရပါ။ သင့်အနေဖြင့် စတင်ပါဝင်လိုက်သည်နှင့် Nielsen သုတေသနတွင် သင်ပါဝင်နေခြင်းကို မည်သူ့ကိုမျှ အသိပေး မမျှဝေရန် ပြောဆိုတောင်းဆိုမည် ဖြစ်ပါသည်။ Facebook၊ Instagram နှင့် Twitter တို့ကဲ့သို့ ဆိုရှယ်မီဒီယာဝဘ်ဆိုဒ်များအပါအဝင် သင့်အိမ်ထောင်စုပြင်ပရှိလူများနှင့် ဆွေးနွေးခြင်းမပြုရန်လည်း ပြောဆိုတောင်းဆိုမည် ဖြစ်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏ သုတေသနကို တတ်နိုင်သမျှ အမှီအခိုကင်းကင်းဖြင့် မှန်ကန်မှုရှိစေရန် ကူညီပေးပါသည်။

Nielsen မိသားစုဝင်ဟောင်းများသည် ၎င်းတို့၏ အတွေ့အကြုံများနှင့် ပတ်သက်၍ မည်ကဲ့သို့ပြောကြသနည်း။

“Nielsen မိသားစုဖြစ်ရခြင်းက ကျွန်ုပ်တို့၏မိသားစုဝင်တွေကို ပိုမိုရင်းနှီးလာစေပါသည်။ ကျွန်တော်တို့ တီဗီကြည့်ရတာ ကြိုက်ကြပါတယ် သို့သော်လည်း သုတေသနအတွက် ပါဝင်ရခြင်းက ပိုပြီးစိတ်လှုပ်ရှားစရာ ကောင်းပါတယ်။” - Jackie

   “ပါဝင်ရခြင်းကို နှစ်သက်ရပါတယ်၊ ဘာကြောင့်လဲဆိုတော့ [Nielsen] ဝန်ထမ်းတွေဟာ မိသားစုလိုဖြစ်လာတာကြောင့်ပါပဲ။” - Matthew

Nielsen က သင့်ကိုယ်ရေးကိုယ်တာအချက်အလက်ကို ဘယ်လိုကာကွယ်သလဲ။

Nielsen သည် ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို မည်သို့ကာကွယ်ပေးသနည်း။

Nielsen ၏ ကိုယ်ရေးကိုယ်တာလုံခြုံရေးမူဝါဒများအကြောင်း ပိုမိုဖတ်ရှုကြည့်ပေးပါ။ Nielsen အနေဖြင့် အချက်အလက်များကို မည်ကဲ့သို့ စုဆောင်းမည်နှင့် အသုံးပြုမည်ကို ပါဝင်ပေးလာမည့်သူများအား ပါဝင်ရန် မဆုံးဖြတ်မီတွင် သေချာစွာရှင်းပြပေးမှာ ဖြစ်ပါတယ်။

Nielsen က ကျွန်ုပ်၏ ဆက်သွယ်ရန် အချက်အလက်ကို မည်သို့ ရယူခဲ့သလဲ။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ Panels နှင့် စစ်တမ်းများတွင် ပါဝင်ရန် အိမ်ထောင်စုများကို ဖိတ်ကြားဖို့အတွက် အိမ်များကိုရွေးချယ်ရာတွင် အများသူငှာရရှိနိုင်သော တယ်လီဖုန်း၊ လိပ်စာနှင့် သန်းခေါင်စာရင်းအချက်အလက်တို့ကို ပေါင်းစပ်အသုံးပြုပါသည်။

ကျွန်ုပ်၏ အချက်အလက်များကို မည်သို့လျှို့ဝှက်ထားသလဲ။

ကျွန်ုပ်တို့အား ပေးထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပေါက်ကြားမှုမရှိ ကာကွယ်ရန် ကျွန်ုပ်တို့ကတိပြုပါသည်။ ကျွန်ုပ်တို့သည် သင်နှင့် သင့်အိမ်ထောင်စုဆိုင်ရာ အချက်အလက်များကို သုတေသနပြုလုပ်ရန်အတွက်သာ အသုံးပြုပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာအခြေခံမူများအကြောင်း ပိုမိုဖတ်ရှုနိုင်ပါသည်။

Nielsen သည် ကျွန်ုပ်အား ဈေးရောင်းချရန် ကြိုးစားမည်လား သို့မဟုတ် ကျွန်ုပ်၏အမည်နှင့် လိပ်စာကို စျေးကွက်ရှာဖွေသူများ၊ စီးပွားရေးလုပ်ငန်းများထံ ရောင်းချပါမည်လား။

လုံးဝ လုပ်ဆောင်မည်မဟုတ်ပါ။ သင့်အိမ်မှအချက်အလက်များကို တင်းကြပ်စွာလျှို့ဝှက်ထားပါသည် — ကျွန်ုပ်တို့သည် ၎င်းကို သင့်ထံသို့ တိုက်ရိုက်ကြော်ငြာရန်၊ အရောင်းမြှင့်တင်ရန် သို့မဟုတ် ရောင်းချရန်များအတွက်ကို လုံးဝအသုံးပြုမည်မဟုတ်ဘဲ ကျွန်ုပ်တို့၏ဖောက်သည်များကိုလည်း သင့်ထံသို့ တိုက်ရိုက်ရောင်းချဖို့ကို ခွင့်မပြုပါ။

သင်ပေးသော အချက်အလက်သည် Nielsen Ratings ကို မည်သို့ အသိပေးမည်နည်း။

Nielsen အဆင့်သတ်မှတ်ချက်များကား အဘယ်နည်း။

တေးဂီတနှင့် တီဗီရှိုးများကဲ့သို့ အကြောင်းအရာများကို မည်သူ ကြည့်ရှုနားဆင်ကြောင်း အချက်အလက်များကို Nielsen အဆင့်သတ်မှတ်ချက်များရရှိရန် ကျွန်ုပ်တို့ အသုံးပြုပါသည်။ အဆင့်သတ်မှတ်ချက်သည် အကြောင်းအရာတစ်ခု သို့မဟုတ် ကြော်ငြာတစ်ခုနှင့် မြင်၊ ကြား သို့မဟုတ် ပါဝင်ပတ်သက်သည့် သီးခြားလူဦးရေ၏ ရာခိုင်နှုန်းဖြစ်သည်။

Nielsen အဆင့်သတ်မှတ်ချက်များရရှိရန် ဘာကိုတိုင်းတာသနည်း။

Nielsen သည် တိုက်ရိုက်အစီအစဉ်၊ လိုအပ်သလောက်တောင်းဆိုမှု နှင့် DVR ၊ တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်တို့ကို တိုင်းတာသည်။ ၎င်းတွင် အခြေခံအားဖြင့် သင့်တီဗီ သို့မဟုတ် ရေဒီယိုမှလာသော မည်သည့်အရာများ ပါဝင်သည့် အပြင် သင့်စမတ်ဖုန်းကဲ့သို့သော အခြားစက်ပစ္စည်းအမျိုးအစားများမှ ထွက်လာသည့်အရာများစွာပါဝင်သည်။

Nielsen Ratings ဘယ်လိုအလုပ်လုပ်သလဲ။

ကျွန်ုပ်တို့၏ တိုင်းတာခြင်းကိရိယာများသည်ဘယ်အရာ ကို ကြည့်ရှုခြင်းနှင့် နားထောင်နေကြောင်းကို သိရှိရန် အကြောင်းအရာအတွင်းရှိ အသံကုဒ်သင်္ကေတများကို ပါကောက်ယူပါသည်။ ကျွန်ုပ်တို့သည် ဒေတာများကို တိကျစွာစုဆောင်းပြီးနောက် အဆင့်သတ်မှတ်ချက်များရရှိရန် သိပ္ပံနှင့် ကိန်းဂဏန်းများကို ပေါင်းစပ်အသုံးပြုပါသည်။

အဆင့်သတ်မှတ်ချက်များသည် သုံးသပ်ချက်များနှင့် တူညီပါသလား။

မဟုတ်ပါဘူး—အဆင့်သတ်မှတ်ချက်များနှင့် သုံးသပ်ချက်များသည် အလွန်ကွာခြားပါသည်။ Nielsen Ratings သည် ကျွန်ုပ်တို့တိုင်းတာသည့် ကြည့်ရှုခြင်းနှင့် နားထောင်ခြင်းအပြုအမူများကိုသာ ပြသသော်လည်း သုံးသပ်ချက်များသည် ထင်မြင်ယူဆချက်ဖြစ်ပြီး မည်သူမဆိုထံမှ လာနိုင်သည်။ ကျွန်ုပ်တို့၏ အဆင့်သတ်မှတ်ချက်များသည် အသက်အရွယ် မ တူညီ သော ကြည့်ရှုသူများအတွက် သင့်လျော်မှုရှိမရှိ နားလည်နိုင်ရန် ရုပ်ရှင်တစ်ကား၏ အကြောင်းအရာကို ပြန်လည်သုံးသပ်သည့် မိဘရုပ်ရှင် “အဆင့်သတ်မှတ်ချက်များ” နှင့် မတူပါ။