
Nielsen ဆိုသည်မှာ
Who we are
ဘယ်တီဗီရှိုးတွေ၊ ရေဒီယိုအစီအစဉ်တွေ၊ ပေါ့တ်ကာစ်တွေနဲ့ ထုတ်ကုန်တွေကို ဘယ်သူတွေ လွှမ်းမိုးနေလဲဆိုတာ သင်စဉ်းစားမိဖူးပါသလား။ အဖြေကတော့ သင်ကဲ့သို.သော သူတွေက လွှမ်းမိုးထားတာပါပဲ။ လူတွေက ဘယ်အရာတွေကို ကြိုက်နှစ်သက်စွာ ကြည့်ရှုချင်တယ်၊ နားထောင်ချင်တယ်၊ ဝယ်ယူချင်တယ်၊ onlien သုံးချင်တယ်၊ အားပေးချင်တယ် ဆိုတာကို Nielsenသည် နေ.စဉ်လူတွေဆီကနေ လေ့လာနေခဲ့သည်မှာ နှစ် 90 ကျော်ကြာပါပြီ။ ကျွန်ုပ်တို.သည် ကြည့်ရှုနားထောင်သူများမှ ရရှိသော အချက်အလက်များဖြင့် စီးပွားရေးလုပ်ငန်းများနှင့် သင်တို.ကြိုက်နှစ်သက်တက်သော မီဒီယာ၊ ထုတ်ကုန်များကို ပိုမိုချိတ်ဆက်နိုင်စေရန် ကူညီပေးပါသည်။
သင့်အပေါ် ကျွန်ုပ်တို.ပေးသည့် ကတိကဝတ်
Nielsen panel အဖြစ်ပါဝင်ခြင်း သို့မဟုတ် ကျွန်ုပ်တို့၏စစ်တမ်းများတွင် ပါဝင်သောအခါ၊ ကျွန်ုပ်တို့သည် မတူကွဲပြားမှုအမျိုးမျိုးကို နားထောင်ရန်၊ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရန်နှင့် လူ.ဝန်းကျင် အသိုင်းအဝိုင်းများသို့ ပြန်လည်အကျိုးပြုနိုင်ရန်အတွက် ကျွန်ုပ်တို့ကတိပြုထားပါသည်။

ကိုယ်ရေးကိုယ်တာအချက်အလက်များ လုံခြုံမှုကို ထိန်းသိမ်းခြင်း
Panel အဖြစ်ပါဝင်ဆောင်ရွက်သူတစ်ဦးအနေဖြင့် ကျွန်ုပ်တို့သည် သင်၏ ကျွန်ုပ်တို.အပေါ် ယုံကြည်မှုနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံမှုကို တန်ဖိုးထားထိန်းသိမ်းပါသည်။ ကျွန်ုပ်တို့အစီရင်ခံစာတွင် သင်၏ သီးခြား အချက်အလက်များကို မည်သည့်အခါမှ ဖော်ပြခြင်းမရှိကြောင်းနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို သင့်ထံသို. တိုက်ရိုက်ရောင်းချရန်အတွက် အသုံးပြုခြင်း လုံးဝမရှိစေရန် ကျွန်ုပ်တို.မှ အကောင်းဆုံးလုပ်ဆောင်ထားပါသည်။

ကိုယ်စားပြုခြင်း
ကျွန်ုပ်တို.၏ Panels များသည် မည်သည့် ကျား၊မ၊ အသက်အရွယ်၊ လူမျိူး၊ ဒေသများကိုမဆို ကိုယ်စားပြုနိုင်သည့် ကြည့်ရှုသူများဖြင့် ပါဝင်ဖွဲ.စည်းထားခြင်းဖြစ်သည်။

လူ.အဖွဲ့အစည်း
Nielsen သည် ကျွန်ုပ်တို့နေထိုင်သော လူအဖွဲ့အစည်းအတွင်းကို. ပြန်လည်အကျိူးပြုလုပ်ငန်းများ လုပ်ဆောင်ရန် ကတိပြုပါသည်။

Nielsen ၏ အလုပ်ခွင် အချက်အလက်များ
ကမ္ဘာတစ်ဝှမ်းရှိလူများသည် ဘီလီယံနှင့်ချီသော မိနစ်များကို တီဗီ၊ ရေဒီယို၊ ပေါ့တ်ကာစ်များနှင့် ဂိမ်းများကို နှစ်သက်စွာ အပတ်စဉ်တိုင်း အသုံးပြုကြပြီး Nilsen မှ ထိုအရာများအားလုံးကို တိုင်းတာပါသည်။

ထိုးထွင်းမှုများ
အချက်အလက်များကို နက်နက်နဲနဲ လေ့လာခြင်းဒေတာ၏နောက်ကွယ်မှ အဓိပ္ပါယ်ကို နက်နက်နဲနဲ လေ့လာသည်။

ကြည့်ရှုမှုနှုန်းတိုင်းတာခြင်း
ခေတ်ရေးစီးကြောင်းများ ပြောင်းလဲလာသည်နှင့် အမျှ ပရိသတ်များကြိုက်နှစ်သက်မှုများသည် ပြောင်းလဲလာခြင်း အားလုံးကိုလဲ Nielsen မှတိုင်းတာသည်။